Laphroaig PX Cask 1L
Laphroaig PX Cask (1 Litre) သည် Islay Single Malt Scotch Whisky အမျိုးအစားဖြစ်ပြီး ပထမဆုံးအနေဖြင့် Global Travel Retail (Duty Free) မားကတ်အတွက် သီးသန့်ထုတ်လုပ်ခဲ့ရာမှ ပရိသတ်အားပေးမှု အလွန်ရရှိခဲ့သော Premium Whisky တစ်ပုဒ် ဖြစ်ပါတယ်ရှင့်။
Laphroaig ၏ ထူးခြားချက်ဖြစ်သော ပြင်းရှရှ Peat (မီးခိုးနံ့/ဆေးဘက်ဝင်အနံ့) နှင့် Pedro Ximénez (PX) Sherry စီပါရီဝိုင်စည်၏ ချိုမြိန်သောအသီးရနံ့ တို့ကို အချိုးကျကျ ပေါင်းစပ်ထားသည့်အတွက် Whisky ချစ်သူများအကြား ရေပန်းစားလှသည်။
ထူးခြားချက်
Laphroaig PX Cask ၏ အဓိကရောင်းချက် (Unique Selling Point) မှာ စည် (၃) မျိုး ထဲတွင် အဆင့်ဆင့် အချိန်ယူရင့်မှည့်စေခဲ့သည့် Triple Matured ပုံစံဖြစ်ခြင်း ကြောင့် ဖြစ်ပါသည်။
- American Oak Ex-Bourbon Barrels: ပထမဦးစွာ အမေရိကန် ဘော်ဘွန်စည်များတွင် သိမ်းဆည်းပြီး Laphroaig ၏ မိရိုးဖလာ Peat ရနံ့နှင့် ဝါနီလာ (Vanilla) အရသာကို စတင် ပျိုးထောင်ပေးသည်။
- Quarter Casks: ထို့နောက် သေးငယ်သော Quarter Casks (ပုံမှန်စည်ထက် လေးပုံတစ်ပုံခန့်သာရှိသောစည်) များသို့ ပြောင်းရွှေ့ရင့်မှည့်စေသည်။ စည်အရွယ်အစား သေးငယ်သည့်အတွက် အရည်နှင့် သစ်သားထိတွေ့မှု ပိုများကာ ပိုမိုပြင်းရှ လေးနက်သော အရသာကို ရရှိစေသည်။
- Pedro Ximénez (PX) Sherry Casks: နောက်ဆုံးအဆင့်တွင် ကမ္ဘာ့အချိုဆုံးနှင့် အကောင်းတကာ့အကောင်းဆုံး Sherry ဝိုင်စည်အမျိုးအစားဖြစ်သည့် PX Sherry Cask များတွင် (၁၂) လခန့် ထပ်မံရင့်မှည့်စေသည်။ ဤအဆင့်က Whisky ကို နက်မှောင်သော အရောင်နှင့် အသီးခြောက် အရသာ၊ ချိုမြိန်သော အရသာတို့ကို ပေါင်းစပ်ပေးလိုက်ခြင်း ဖြစ်သည်။
Tasting Notes
- Colour (အရောင်): Antique Gold (ရွှေအိုရောင်ရင့်ရင့်)
- Nose (အနံ့): အစောဆုံးတွင် Laphroaig ၏ အမှတ်အသားဖြစ်သော မီးခိုးနံ့၊ ဆေးဘက်ဝင်အနံ့ (Medicinal Peat) ကို သိသိသာသာ ခံစားရမည်ဖြစ်ပြီး၊ ထို့နောက်တွင် PX စည်မှ ပေးစွမ်းသော စူလ်တာနာ စပျစ်ခြောက် (Raisins) နံ့၊ သကြားညို (Brown Sugar) နှင့် ချိုမြိန်သော သစ်သီးမှည့်ရနံ့များ ထွက်ပေါ်လာသည်။
- Palate (ခံတွင်းတွေ့အရသာ): ပထမဆုံး ငုံလိုက်သည်နှင့် ဝက်သစ်ချသား (Oak) အနံ့နှင့်အတူ ပြင်းရှသော Peated မီးခိုးနံ့က အာခေါင်ကို လွှမ်းမိုးသွားသည်။ သို့သော် ချက်ချင်းဆိုသလိုပင် Sherry စည်၏ သစ်သီးခြောက် အရသာ၊ ကာရာမဲလ် (Caramel)၊ ရှယ်ရီဝိုင်၏ ချိုမြိန်မှုနှင့် Licorice (နွယ်ချို) အရသာတို့က မီးခိုးနံ့ကို လှပစွာ ထိန်းညှိ (Balance) ပေးသွားသည်။
- Finish (နောက်ဆုံးကျန်ရစ်သည့် အရသာ): အလွန်ရှည်လျားပြီး ဆွဲဆောင်မှုရှိသည်။ မီးခိုးငွေ့ရနံ့၊ အမည်းရောင်ချောကလက် (Dark Chocolate) နှင့် သစ်သီးခြောက်တို့၏ အချိုရသာက လည်ချောင်းထဲတွင် တာရှည်စွာ စွဲကျန်ရစ်စေသည်။